12 August, 2013

လွတ်ကျသွားသော သတိများ

လွတ်ကျသွားသော သတိများ
-------------------
တစ်ခုခု ကျကွဲတာထက်
သတိကျကွဲတာ ပိုပြီး
အသံကျယ်တယ်..။

အပ္ဗမာဒေန သမ္ဗာဒေထကို
လေးဆယ့်ငါးဝါ
သံသရာတပွေ့စာ
ဟောခဲ့ရသတဲ့..။

တစ်စုံတစ်ယောက်က
တစ်စုံတစ်ဦးကို
ဘယ်နေရာမှာမှ
လှည့်ဖျားခြင်း
အထင်သေးခြင်း
ဆင်းရဲလိုခြင်း ကင်းရှင်းကြပါစေ တဖွဖွ
ငါတို့ စာတွေတော့ ကြေခဲ့ကြပေါ့..။

Let no one deceive another
or despise anyone anywhere,
or through anger or irritation
wish for another to suffer.

တစ်ခါတစ်ရံထက်
ခဏ ခဏ ဆိုတော့
ငါဆိုလည်း ငါမှား
ငါ့ရှင်ဆိုလည်း ငါ့ရှင်မှားပေါ့...။

ကမ္ဘာခြားသွားတဲ့
ရွဲကုန်သည်လက်ထဲက ရွှေခွက်ဟာ
ငါတို့လက်ထဲထိ
အရောင်ထွက်နေတုန်း...။

ဓမ္မဂင်္ဂါ
(၁၂-၈-၂၀၁၂)

1 comment:

ကိုနော said...

နောဆိုလည်း နောမှားပေါ့လေ....။